စတင်ဖွင့်လှစ်ခြင်း

ကျနော်တို့ MUCTR မြန်မာကျောင်းသားများ အားလုံးကို ဒီဘလော့လေးမှ ကြိုဆိုပါတယ်။ ကျနော်တို့ တိုင်ပင်ပြီး ကျောင်းဘလော့လေးကို စတင်တည်ထောင်ပါတယ်။ (ပြည့်ဖြိုးနိုင်[သံလုံငယ်] နဲ့ အောင်မျိုးသူ[ဂျိုးဂျိုး] ဖြစ်ပါတယ်)။ တစ်ဦးတစ်ယောက် ဆိုင်ရာ မဟုတ်ပဲ၊ အများဆိုင်ရာ အထောက်အကူပြု ဘလော့လေး တစ်ခု ဖြစ်စေချင်တာပါ။ အားလုံးကို ပါဝင်ရေးသားစေချင်သလို၊ အားလုံးကိုလည်း အထောက်အကူ ပြုစေဖို့ ရည်ရွယ်ပါတယ်။ ဒါပေမယ့် လူများလာရင် ဖြစ်နေကြ အတိုင်း အယူအဆ တွေ များလာပါတယ်။ အဲခါကျရင် မူရင်းရည်ရွယ်ချက်ကို လွဲသွားနိုင်ပါတယ်။ အဲဒီ အတွက် ဒီဘလော့ရဲ့ ရည်ရွယ်ချက်လေးကို အသိပေး ပြောပြချင်ပါတယ်။

ရည်ရွယ်ချက်

ဒီမှာ ကျနော့်တို့ ကျောင်းရဲ့ သမိုင်းတွေ၊ သင်ကြားရတဲ့ သင်ခန်းစာတွေ၊ လုပ်ဆောင်ခဲ့ကြတဲ့ မှတ်တမ်းတွေကို မှတ်တမ်း တင်ဖို့ပဲ ဖြစ်ပါတယ်။ သင်ခန်းစာ တွေကို တတ်နိုင်သလောက် မြန်မာလို ပြန်ပြီး နားလည်လွယ်အောင် ရေးမယ်။ အဲဒါတွေကို အားလုံးက ၀ိုင်းပြီး စစ်ဆေး ဝေဖန်ပေးကြပေါ့။ သေချာပြီ၊ အားလုံးလက်ခံပြီ ဆိုရင် ကျနော်တို့ မြန်မာဝီကီ မှာ တင်ပါ့မယ်။ ရေးသားသူနာမည်နဲ့ သူ့နောက်မှာ ကျောင်းနာမည်ပေါ့ဗျာ။ ဥပမာ- အောင်မျိုးသူ(MUCTR) .....

ကန့်သတ်ချက်

ဒီဘလော့ဟာ ကျောင်းဆိုင်ရာ ဘလော့ ဖြစ်ပါတယ်။ MUCTR ကျောင်း နဲ့ ပတ်သတ်တာက လွဲလို့ ဘာမှ မတင်ပါဘူး။ ကဗျာ၊ ၀တ္ထုတို ရေးမယ်ဆိုရင်တောင် ကျောင်းရဲ့ သမိုင်း ပဲ ဖြစ်ရပါမယ်။ နောက်ပြီး ရေးချင်တယ် ဆိုတဲ့လူ အားလုံးကို Author ခေါ်ပါ့မယ်။ ဒါပေမယ့် အမြဲတမ်းမရေးနိုင်ဘူး ဆိုရင်တော့ muctr.ru@gmail.com ကိုပဲ မိမိရေးထားတာ ပို့ပေးဖို့ မေတ္တာရပ်ခံပါတယ်။ ရေးသားသူ နာမည်နဲ့ တင်ပေးပါ့မယ်။

တောင်းဆိုချက်

ကျနော်တို့ စဉ်းစားထားတဲ့ အစီအစဉ်လေးကို ပြောပြပါ့မယ်။ ဒီ “မူလစာမျက်နှာ” မှာ ကျောင်းရဲ့ သမိုင်းကြောင်းရယ်၊ အမှတ်တရရယ်ကို ပို့စ်တင်ပါ့မယ်။ (ဒီနေ့လို လပြည့်နေ့အကြောင်းကိုဆိုရင် ဒီ home မှာ ပို့စ်တစ်ခု ရေးမယ်။ အသေးစိတ်နဲ့ ဓါတ်ပုံတွေကိုတော့ မှတ်တမ်း မှာ တင်မယ်)။ အကြောင်းအရာ တစ်ခုခု ရှိခဲ့မယ်ဆိုရင်လည်း ကြော်ငြာစာများကို ဒီနေရာမှာ တင်ပါမယ်။ ကျောင်းမှာသင်သမျှ သင်ခန်းစာတွေနဲ့ အခြားသော ဓါတု ဆိုင်ရာ၊ ဘာသာစကား ဆိုင်ရာ များကို “သင်ခန်းစာ” မှာ တင်ပါမယ်။ ရက်ကြီးခါကြီး လုပ်ဆောင် ခဲ့သမျှ မှတ်တမ်းတွေ၊ ဖျော်ဖြေရေး ပွဲမှတ်တမ်းတွေ၊ လေ့လာရေး မှတ်တမ်းတွေ အားလုံးကိုတော့ “မှတ်တမ်း” မှာ တင်ပါ့မယ်။ အဲဒီအတွက် မိမိ ရေးနိုင်တဲ့ အပိုင်းကို စဉ်းစားပြီး ဆက်သွယ်ပေးပါ။ Author ခေါ်ပါ့မယ်။ နောက်ဆက်ခံမယ့် ညီငယ်တွေလည်း လုပ်ရ ကိုင်ရ အဆင်ပြေအောင် Admin ကိုတော့ တကယ်လုပ်နိုင်တဲ့ လူပဲ လွဲပေးပါ့မယ်။ ကဲ စပြီဗျာ ... ကျောင်းဘလော့ ... ကွန်မန့် လေးနဲ့ ဖြစ်ဖြစ် အကြောင်းပြန်ပေးကြပါဦး။ ရေးထားတာတွေ ရှိတယ် ပို့ပေးချင်တယ် ဆိုရင် muctr.ru@gmail.com ကို ပို့ပေးကြပါ။ ဖြစ်နိုင်ရင်တော့ ဒီကျောင်းမှာ ရှိသမျှ အစ်ကိုတွေ၊ ညီတွေ၊ ဆရာတွေ အားလုံးကို ပါဝင်စေချင်ပါတယ်။ အကျိုးရှိကြမယ် ထင်ပါတယ်။

ကျေးဇူးတင်စွာဖြင့် .....

သံလုံငယ်

ဆက်လက်လေ့လာရန် ...